17.3.2014 ရက်နေ့တွက် လူထု အမြင်ကျယ်ဖို့ ကယန်းမျိုးဆက်သစ်လူငယ် သင်တန်းတစ်ခုပြုလုပ်
လျွိုင်ကော်ရုံးမှာ
Home
A BA TA ROA
Thursday, March 20, 2014
၂၀၁၄ လူနှင့်အိမ်အကြောင်းသန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ ကယန်းတိုင်းရင်းသားများ၏ အခင်းအကျင်း
၂၀၁၄ လူနှင့်အိမ်အကြောင်းသန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ
ကယန်းတိုင်းရင်းသားများ၏ အခင်းအကျင်း
၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀
ရက်နေ့အထိ မြန်မာနိုင်ငံတဝှမ်းလုံးကိုလူနှင့်အိမ်အကြောင်းဆိုင်ရာအချက်အလက်များသန်းခေါင်စာရင်းကောက်ယူရန်ပြင်ဆင်ထားပါသည်
။
မေးခွန်းပေါင်း (၄၁)ချက်ကိုကောက်ယူမည်ဖြစ်
ပြီးလူမျိုး(တိုင်းရင်းသား) အမည်ကိုလည်းထည့်သွင်းမေးမြန်းကောက်ယူမည်ဖြစ်ပါသည်။
ထိုသို့ကောက်ယူရာတွင် တိုင်းရင်းသားလူမျိုးအလိုက် ကုဒ်နံပါတ်သတ်မှတ်ပြီးကောက်ယူမည်ဖြစ်ရာ-
ကယန်းလူမျိုးနှင့်စပ်လျဉ်း၍လူမျိုးကိုယ်စားပြု
ကုဒ် နံပါတ်သတ်မှတ်ထားရှိမှု အခြေအနေ
(၁) ။ ကယန်းလူမျိုးအဖြစ် သီးသန့်ကုဒ်နံပါတ်
မရှိ
(၂) ။ ကယန်းမျိုးနွယ်စု (၄)စုတို့ကိုတသီးတသန့်စီသတ်မှတ်
( ၁- လထာ ၊ ၂- ကငန်၊ ၃- ဂေခို၊ ၄- လဟွှီ)
(၃) ။ မျိုးနွယ်စု (၄)ခုကိုလည်းကယားလူမျိုး၏
မျိုးနွယ်စုအဖြစ် သတ်မှတ်
(၄) ။ မျိုးနွယ်စုတို့၏ အမည်ကိုလည်းမှားယွင်းသတ်မှတ်
(၁- ဇယိမ်း၊ ၂- ကယန်းပဒေါင်၊ ၃- ယင်းကော်)
(၅) ။ မျိုးနွယ်စုတို့၏ အမည် စာလုံးပေါင်းလည်းလွှဲမှား
(၁ - ကယန်း = Ka Yum)
အနာဂါတ် အလားအလာ
(၁) ကယန်းလူမျိုး
(လုံးဝ) တိမ်မြုပ်ပျောက်ကွယ်သွားမည် ။
(၂) မျိုးနွယ်စု
(၄)ခုအလိုက် ဖြေဆိုကြမည်ဆိုလျင် လူမျိုးစုငယ်များအဖြစ် သီးခြားကွဲပြားသွားမည် ။
(၃) ထိုသို့
ကွဲပြားသွားသောမျိုးနွယ်စုငယ်များသည်လည်းကယားလူမျိုး၏ မျိုးနွယ်စုငယ်များအဖြစ်သာ ဖြစ်မည်။
ð
ကယန်းဟူသည့်
လူမျိုးအမည် မရှိလျင် မျိုးနွယ်စုများ (လထာ၊ ကငန်၊ ဂေခို၊ လဟွှီ) လည်းမရပ်တည်နိုင် ။
မိမိတို့ တစ်ဦးချင်းမှ
ဆောင်ရွက်သင့် သောအချက်များ
(၁) ။ ကွဲပြားသောကုဒ်နံပါတ် (၄) ခုအနက်မှ
တစ်ခုတည်းကိုသာမျိုးနွယ်စုများရွေးချယ်ကြရန်
(လူမျိုးတစ်မျိုးအဖြစ်
တစ်စုတစ်စည်းတည်းပေါ်လွင်သွားစေရန်)
(၂) ။ ကုဒ်နံပါတ်
(203) ကိုရွေးချယ်ကြရန်
(မိမိတို့လူမျိုးအမည်ဖြစ်သောကယန်းပါရှိခြင်း ။ အများမှ သိထားနှင့်သောပဒေါင် ဝေါဟာရပါရှိခြင်း ။ ထိုပဒေါင်ဟူသောဝေါဟာရကိုကယန်းအများစုမှ မနှစ်သက်ပါ။
ထို့ကြောင့် သန်းခေါင်စာရင်းကောက်ယူပြီးနှောင်းပိုင်းတွင် ကယန်းဟူ၍သာ ပြင်ဆင်ပြောင်းလဲသတ်
မှတ်ရန် အစိုးရဘက်မှ သဘောတူညီထားပြီးဖြစ်သည်။
-၂၆ ရက် ဖေဖော်ဝါရီ၊
၂၀၁၃ = နေပြည်တော်)
Subscribe to:
Comments (Atom)